စနစ်တကျ လုပ်ဆောင်ပေးနိုင်တဲ့ ERP software ရွေးချယ်မှုပြုလုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကတော့
လုပ်ငန်းအမျိုးအစား၊ လိုအပ်ချက်နှင့် ကိုက်ညီတဲ့ ဆော့စ်ဝဲလ် ဖြစ်ရပါမယ်. Support Myanmar Language ဖြစ်ရပါမယ်။ ဥပမာအနေဖြင့် Trading, Distribution ပိုင်းကို အဓိက ဆောင်ရွက်တဲ့ လုပ်ငန်းအမျိုးအစားဖြစ်ပါက Inventory, Price, Promotion Program, Sale, Accounting စတဲ့ အခြေခံကျတဲ့ Modules များနှင့် အခြားသော Modules များ ပြုလုပ်နိုင်ရပါမယ်
လုပ်ငန်းရှင် အတော်များဟာ ERP Software ဝယ်ယူရန်အတွက် လုပ်ငန်းနှင့် သင့်တော်တဲ့ အသုံးစရိတ်ကို သုံးစွဲရန် တွေဝေလေ့ရှိကြပါတယ်။ ဒီ အချက်ကြောင့်ပဲ Implementation စရိတ်သက်သာပြီး monthly fees သက်သာတဲ့ အမျိုးအစားများကို ရွေးချယ်မိလေ့ရှိပါတယ်။
မိမိ လုပ်ငန်း ရပ်တည်မှုဟာ တိုးချဲ့လာနိုင်ခြေရှိတယ်၊ Develop ဖြစ်လာနိုင်ခြေရှိတယ်ဆိုရင် လုပ်ငန်းသေးများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဆော့စ်ဝဲလ်မျိုးကို မရွေးချယ်သင့်ပါဘူး။ မှားယွင်းပြီး ရွေးချယ်မှု ပြုလုပ်လိုက်တဲ့ အခါမှာတော့ လုပ်ငန်းတိုးချဲ့လာပြီးနောက်ပိုင်းတွင် အသုံးပြုရန်/ အသုံးလိုအပ်သော အရာများ ရနိုင်/ မရနိုင်တာတွေ ဖြစ်လာမှာ မလွဲမသွေ ဖြစ်ပါတယ်။ အဲဒီကနေမှတစ်ဆင့် နောက်ထပ် ဆော့စ်ဝဲလ် တမျိုးကို ထပ်မံ ဝယ်ယူဖို့ ပြင်ဆင်ရပါတော့တယ်။
လုပ်ငန်းခွင်မှာ ဆော့စ်ဝဲလ်တစ်မျိုးထက်ပိုမိုပြီး အသုံးပြုရတဲ့ အခါမှာတော့ လုပ်ငန်းမှာ ခန့်အပ်ထားတဲ့ ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုတွေဟာလည်း အချိန်ပိုယူရနိုင်ပြီး အဆင့်ဆင့် လုပ်ဆောင်မှုတွေကြောင့် လုပ်ငန်း Process ကို နှေးကွေးစေမှာပါ။
အရေးတကြီး လုပ်ဆောင်မှုများအတွက် Online Access/ Cloud ERP/ Any Devices ဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ ERP software ရွေးချယ်တော့မယ်ဆိုရင် လုပ်ငန်း အရွယ်အစား၊ အနာဂါတ်တွင် တိုးချဲ့လာနိုင်မည့် လုပ်ငန်းအနေအထားမျိုးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး မိမိ လုပ်ငန်းအင်အားက ပိုမိုကြီးထွားလာမယ်ဆိုရင်တော့ တစ်နေရာတည်းမှာ လုပ်ငန်း လုပ်ဆောင်မှု အားလုံးကို စီမံ ခန့်ခွဲနိုင်တဲ့ Odoo ERP Software မျိုးရွေးချယ်ခြင်းက ပိုမို သင့်တော်စေပါတယ်။
ERP software ရွေးချယ်ရာတွင် အကူညီလိုအပ်ပါက အခမဲ့ အကြံပေးမှု ရယူရန် Book Your Free Digital Strategy Session | Zettatech Co., Ltd. တွင် Book လုပ်ပါ။



